Facebook Page
![Facebook Page](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaafkmOEqh7vKgDqtLUcscKzwVt94VE18rSXJE0a0x1l2_VTON7vW7Bs-ruWmCMHFCY_hPtWnKJmY1cQOF5zZFjQiZLxa-wx3KyEJH44TAIQlHkjm7Chnw_tNKGTnJZAoBVWBDmnDY0iSo/s1600/cutout-1451122517_1452icsay.jpg)
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍သမ္မာတရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုရှိ၏။ ၁တိ၊ ၂း ၎
Friday, September 9, 2016
ဘုရားသခင် အသိအမှတ်ပြုသော ကိုးကွယ်ခြင်း
ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။
ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နံဝိညာဉ်ဖြင့်လည်း ကောင်း၊ သစ္စာဖြင့်လည်းကောင်း ကိုးကွယ်ရမည်။
(ယောဟန် ၄း၂၄)
အထက်ပါ ကျမ်းတော်မြတ်အရ ကိုးကွယ်သောသူအပေါင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရာတွင် နံဝိညာဉ်နှင့်ကိုးကွယ်ရမည်။ သစ္စာလည်း ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်ရတွင် နံဝိညာဉ်ရော၊ သစ္စာရော နှစ်မျိုးစလုံးလိုအပ်ပါသည်။ သို့သော် ယနေ့ယုံကြည်သူများ ကိုးကွယ်ခြင်းအမှုပြုရာတွင် မိမိတို့ နားလည်သလိုသာ သစ္စာရှိရှိဖြင့် ကိုးကွယ်နေကြသည်ကို တွေ့မြင်နေရသည်။ ထိုသို့သော ယုံကြည်သူများ၏ အသက်တာကို လေ့လာကြည့်ပါက တနင်္ဂနွေနေ့မို့ ဘုရားကျောင်းတတ်သည်။ ခရစ်ယာန်ဖြစ်လို့ ဆယ်ဘို့ တစ်ဘို့ ထည့်သည်။ ယုံကြည်သူဖြစ်လို့ မိတ်သဟာရ အစီအစဉ်များတွင် ပါဝင်သည် . . . အစရှိသဖြင့် လုပ်ဆောင်နေကြ လုပ်ငန်းစဉ်တရပ်အနေဖြင့် သစ္စာရှိရှိလုပ်ဆောင်
ပြုမူနေကြသည်ကို မြင်တွေ့နေရပါသည်။ သူတို့နားလည်သော သစ္စာတရားကိုသာ ဦးစားပေးဆောင်ရွက်နေကြသည်ကို မြင်တွေ့နေရပါသည်။ ထိုသူတို့၏ အသက်တာတွင် နံဝိညာဉ်ဖြင့် ကိုးကွယ်နေမှုကို ရှာဖွေ၍ မတွေ့နိုင်ချေ။ နံဝိညာဉ်ဘုရားဆိုသည်ကိုလည်း နားမလည်၊
ဝိညာဉ်ဖြင့် မည်သို့ကိုးကွယ်ရမည်ဆိုသည်ကိုလည်း စိတ်မဝင်စားကြချေ။
သမ္မာကျမ်းစာထဲတွင် မိမိတို့ကို ဘုရားသခင်သခင်ပေးသည့် အသက်ဝိညာဉ်ကို ရရှိကာ ဘုရားသခင် ဖွင့်ပြသည့် ဝိညာဉ်အလင်းရသည့်အတိုင်း ကိုးကွယ်၍ သစ္စာတရားကိုလည်း ဖတ်တွယ်ကာ ကိုးကွယ်အသက် ရှင်သောသူအချို့ကို ဖော်ထုတ် လေ့လာခွန်အားယူလိုပါသည်။
#ယုံကြည်ခြင်းပါသောကိုးကွယ်ခြင်း
++++++++++++++++++++
ပထမဦးစွာ ကမ္ဘာဦးကျမ်း အခန်းကြီး (၄)တွင် ကာဣန နှင့် အာဗေလ ဆိုသည် ညီအကို နှစ်ဦးအကြောင်းကို ဖော်ပြလိုပါသည်။ ထိုညီအကို နှစ်ဦးစလုံးသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအမှုကို အတူတကွ ပြုကြသော်လည်း သမ္မာကျမ်းစာကမူ ညီအာဗေလ၏ ကိုးကွယ်ခြင်းကိုသာ ဘုရားသခင်က လက္ခံခဲ့ကြောင်း အတည်ပြုဖော်ပြထားပါသည်။ အဘယ်ကြောင့် ကာဣန ၏ ဝတ်ပြုကိုးကွယ်ခြင်းကို ဘုရားသခင်က လစ်လျှူရှုခဲ့ပါသနည်း။
ထိုအကြောင်းအရာကို ဟေဗြဲကျမ်းတွင် ပြန်လည်ဖော်ပြရာတွင် အာဗေလသည် ယုံကြည်ခြင်းအားဖြင့် ယဇ်ပူဇော်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဘုရားသခင်ရှေ့တော်မှောက်သို့ တိုးဝင်ချဉ်းကပ်ရာတွင် ယုံကြည်ခြင်း သည် အလွန်အရေးကြီးပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ လူတစ်ဦး၏နှလုံးသားထဲ အသက် ဝိညာဉ်ထဲက ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။
အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏။
ထိုအရပ်၌ သူတို့အလယ် မှာ ငါရှိသည်ဟု မိန်တော်မူ၏။ (ရှင်မ ဿဲ ၊ ၁၈း၂၀)
ထိုကျမ်းစာအရ လူနှစ်ယောက် သုံးယောက်တို့သည် ခရစ်တော်၏နာမ၌ စုဝေးသည်ဆိုပါက ဤနေရာတွင် ကိုယ်တော်အတူတည်ရှိနေကြောင်း သင်ယုံကြည်နိုင်ပါသလား။ အကယ်၍ သင်သည် အမှန်တကယ် ယုံကြည် နိုင်သည်ဆိုပါက ဘုရားသခင်ရှေ့သို့လာရောက်သောသူတို့သည်။ အပြောအဆိုဝတ်စားဆင်ယင်ပုံကို ဂရုစိုက်ရမည်ဖြစ်သည်။ ယုံကြည်သူများ၏ ဇာတိသဘောတို့ကို ယူဆောင်လာမည်မဟုတ်ပေ။ ဘုရားကျောင်းသို့လာခြင်းဖြင့် သစ္စာဝတ်ကို ပြုကြသော်လည်း
မိမိတို့၏ အပြုအမူတို့သည် ဇာတိသဘောတို့ကို သယ်ဆောင်လာသောကြောင့် ၀ိညာဉ်ဖြင့် ကိုးကွယ်နေသည်ဟုမဆိုနိုင်ပေ။ ဟေဗြဲကျမ်းကိုရေးသားခဲ့သောသူက မမြင်ရသော အရာကို ယုံကြည်ခြင်းဖြင့် ကျင့်ဆောင်သည်ဟု ဖော်ပြခဲ့ပါသည်။ ဆိုလိုသည်မှာ ကိုယ်တိုင်မမြင်တွေ့သော်လည်း မိမိ၏ စိတ်ဝိညာဉ် အလင်းက ဖော်ပြသည့်အတိုင်း ယုံကြည်သောစိတ်ဖြင့် ပြုမူဆောင်ရွက်သည်ဟု ဆိုလိုပါသည်။ ရောမသြဝါဒစာထဲတွင် အာဗြဟံကိုယ်တိုင်က မိမိယုံကြည်သည့်အတိုင်း ပြုမူသည်ဟု ဖေါ်ပြပါသည်။ ကျွန်တော်တို့သည် ယုံကြည်သည့်အတိုင်း ပြုမူမည်ဟု ဆုံးဖြတ်ထားပါက ကျမ်းစာက ဖော်ပြသည့် အတိုင်း
ယုံကြည်သည်ဆိုပါက အဘယ်ကြောင့် ယုံကြည်သူများသည် ဘုရားကျောင်းတွင်ဝတ်ပြုကိုးကွယ်ရာတွင် မိမိတို့ ဆန္ဒအလိုအတိုင်း ပြုမူနေကြပါသနည်း။ ထိုသို့ ပြုမူကိုးကွယ်သူများကို ကာဣန ကိုးကွယ် သကဲ့သို့ ပြုမူဆောင်ရွက်နေသောသူများဟု ဆိုနိုင်ပါသည်။ ထိုသူတို့တွင် ယုံကြည်ခြင်း မပါရှိချေ။
#သစ္စာတရားကိုဖက်တွယ်ပြီးကိုးကွယ်မှုပြုခြင်း
+++++++++++++++++++++++++++
တဖန် ဒံယေလ အနာဂတ္တိကျမ်းတွင် ဖော်ပြထားသော အဖြစ်အပျက်ကို ပြန်လည်လေ့လာကြည့်ပါက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုသော လူငယ်သုံးဦး၏ အသက်တာကို မြင်တွေ့နိုင်ပါသည်။
ထိုသူတို့၏ ဝတ်ပြုကိုးကွယ်ခြင်းကို ပြန်လည်လေ့လာကြည့်ပါက ယုံကြည်ခြင်းပါဝင်၍ သစ္စာတရားကိုလည်း ဖက်တွယ်ထားကြောင်း မြင်တွေ့နိုင်ပါသည်။ ဒံယေလ ၃း၁၇-၁၈ တွင် ထိုလူငယ် သုံးယောက်က ရဲရင်ပြတ်သားစွာဖြင့် ဘုရင်က ရှိခိုးဝတ်ပြုခိုင်းသော ရုပ်တုကြီးကို ဦးမချ ဝတ်မပြုနိုင်ကြောင်း ဘုရင်ကို ပြောဆိုခဲ့သည်။ ဘုရားသခင်က ကယ်နှုတ်မည်ဟု ယုံကြည်ခြင်းအပြည့်ဖြင့်
ပြန်လည်ပြောဆိုခဲ့သည်။ အကယ်၍ မကယ်နှုတ်ခဲ့လျှင်လည်း အသက်ရှင်သော ဘုရားသခင်မှလွဲ၍ မည်သည့်အရာကိုမျှ ဝတ်ပြုကိုးကွယ်ခြင်း မပြုနိုင်ကြောင်း ပြောဆိုကာ ငြင်းပယ်ခဲ့လေသည်။
ထိုသူတို့၏ ဝတ်ပြုကိုးကွယ်မှုကို ကြည့်ပါက နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာထက် ပိုနက်ရှိုင်းသော ဝိညာဉ်ထဲက ယုံကြည်ခြင်းဖြင့် ဘုရားကို ကိုးကွယ်ခဲ့သည်အပြင် သစ္စာတရားကိုလည်း
ဦးထိပ်ပန်ဆင်ကာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသက်ရှင်ရပ်တည်ခဲ့လေသည်။
ယုံကြည်သူတို့သည် ဆုတောင်းချက်များကို တောင်းခံရာတွင် မိမိဆုတောင်းသည့်အတိုင်း အဖြေတစ်စုံတစ်ရာ မရခဲ့လျှင် စိတ်ပျက်လက်လျှော့သွားလေ့ရှိသည်။ ခရစ်ယာန်တစ်ဦး ဖြစ်သောကြောင့် အသက်ရှင်သော ဘုရားကို သိကျွမ်းသူ ဖြစ်သဖြင့် ဆုတောင်းရမည်ဟူသော အချက်ကို သစ္စာရှိရှိဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဆုတောင်းချက် အဖြေမရရှိပါက စိတ်ပျက်အားငယ်ကာ ယုံကြည်ခြင်း ပျက်ပြားသွားတတ်ကြပါသည်။ ဆုတောင်းချက် အဖြေမရလျှင် မိမိအသက်တာကို ပြန်လည် ဆန်းစစ်ရမည့်အစား “ဆုတောင်းလျှင်လည်း အလကားပါဘဲ” ဟူသော အသံမျိုးသာ ထွက်ပေါ်လာတော့သည်။ ဘုရားသခင်က ပေးနိုင်သည်၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်၊ အလုံးစုံတို့ကို မစနိုင်သည် ဟူသော ယုံကြည်ချက်ဖြင့် ဘုရားသခင် ထံတိုးဝင်ချဉ်းကပ်ကာ ဘုရားသခင်က မပေးခဲ့လျှင်လည်း မည်သို့မျှ ယုံကြည်ခြင်း ပျက်ပြားသွားမည် မဟုတ်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ယုံကြည်ဆုတောင်းသင့်ပါသည်။ သူတို့သည် ဝိညာဉ်ထဲက ကိုးကွယ် ဆုတောင်းနေသူများဟု ဆိုနိုင်ပါမည်လား။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ အသက်တာနှင့် မိမိအသက် တာကို နိုင်ယှဉ်ကြည့်ကာ မိမိ၏ အသက်တာထဲက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နေသည့် ပုံစံကို ပြန်လည် ပြင်ဆင်သင့်ပါသည်။
အချို့သော ခရစ်ယာန် ယုံကြည်သူဆိုသည့် သူများသည် မိမိတို့ကို ကယ်တင်ခြင်းငှါ မစွမ်းနိုင်သော ဗေဒင်ဆရာ၊ နတ်ဆရာများကို အားကိုးခိုလှုံကာ အထက်၊ အောက်၊ စသည့် ယုတ်ညံ့သောနည်းလမ်းတို့ကို အားကိုးမျှော်လင့်နေသောသူများတို့သည် မိမိကိုယ်မိမိ အသက်ရှင်သော ဘုရားကို ယုံကြည်သူများဟု ကြွေးကြော်ထားကြသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်နေသူများဟု မဆိုနိုင်ပါချေ။
#ဘုရားနှင့်အတူသွားနေရင်းကိုးကွယ်မှုပျက်ယွင်းသွားသူ
++++++++++++++++++++++++++++++
တဖန်ထပ်မံ၍ ဓမ္မရာဇဝင် အခန်းကြီး (၅)တွင် ဖော်ပြထားသော ဗိုလ်ချုပ်ကြီးနေမန်၏ အသက်တာကို တဖန် ဖော်ပြလိုပါသည်။ ထိုသူသည် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော်လည်း နူနာစွဲကပ်နေသောအခါ ဣသရေလတိုင်း နိုင်ငံမှ ဧလိရှဲထံ သွားရောက်ကုသခံခဲ့သည်။ ယော်ဒန်မြစ်တွင် ခုနှစ်ကြိမ် နှစ်လိုက်သောအခါ နူနာပျောက်ကင်း သွားလေသည်။ ထိုအခါ အသက်ရှင်သော ဘုရားကို ဝိညာဉ်ထဲက သိကျွမ်းလာခဲ့သည်။ သို့သော်လည်း သူ၏ အနေအထားမှာ မင်းမှုထမ်းဖြစ်သောကြောင့် ရှင်ဘုရင်၏ အလိုကို ဦးစားပေးရသဖြင့် သစ္စာဖြင့် ဝတ်ပြုကိုးကွယ်နိုင်ရန် မဖြစ်နိုင်ကြောင်း ဧလိရှဲထံတွင် ဖွင့်ဟ ဝန်ခံခဲ့ပါသည်။ (၄ရာ ၅း၁၇-၁၈)တွင် ကျွန်တော်သည် မည်သည့်အခါမျှ အခြားဘုရားကို ယဇ်ပူဇော်မှုမပြုတော့ပါ။ သို့သော် သူအမှုထမ်း ခစားနေသော ရှင်ဘုရင်မှာ အခြားကို ကိုးကွယ်သောသူဖြစ်သောကြောင့် ဘုရင်နှင့် ရိမ္မာန် ဘုရားကျောင်းသို့ သွားသောအခါ ကိုယ်ဦးညွှတ်ရမည်ဖြစ်ကြောင်း ကြိုတင်ဝန်ခံထားပါသည်။
အထိုအခြေအနေကို ဧလိရှဲ သဘောပေါက်နားလည်သလို ဘုရားသခင်ကလည်း ထိုသူတို့အတွက် ထူးခြားသော အပြစ်တင်ပြောဆိုမှု မလုပ်ခဲ့ပါ။
ဤနေရာတွင် ပြောလိုသည့် ပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ ထိုသူမှာ ဧလိရှဲ၏ တပည့်တစ်ဦးဖြစ်သူ
ဂေဟာဇိ ဆိုသူအကြောင်းဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များကို ဧလိရှဲထံမှ သိကျွမ်းပြီးသူ တစ်ဦးဖြစ်သဖြင့် အသက်တာတွင် မည်သို့ ဝတ်ပြုကိုးကွယ်ရမည်ကို သိရှိနားလည်ပြီးသူတစ်ဦး ဖြစ်သည်။ သို့သော် နှုတ်ကပတ်တော် နားလည်ပြီးသူဖြစ်သော်လည်း ဘုရားသခင်၏ ငြင်းပယ်ခြင်း ခံလိုက်ရသည်။ အကြောင်းမှာ နေမာန်သည် နူနာပျောက်ကင်းသွားသောအခါ တန်းဘိုးရှိသော ရုပ်ဝတ္ထုပစ္စည်းများကို ပေးလှူသော်လည်း ဧလိရှဲမှာ ငြင်းပယ်ကာ မခံယူခဲ့ချေ။ ထိုအခါ တပည့်ဖြစ်သူ ဂေဟာဇိက အားမလိုအားမရဖြစ်ကာ သူ့၏ ဆရာဧလိရှဲ မသိမီ နေမန်ထံမှ ထိုပစ္စည်းများကို တောင်းခံကာ ယူလိုက်သည်။ ဧလိရှဲသိသောအခါ ဧလိရှဲက ကျိန်လိုက်သဖြင့် နေမန်၏ နူနာမှာ ဂေဟာဇိထံ ကျရောက်သွားလေတော့သည်။
ဘုရားသခင်ထံသည် ရုပ်ဝတ္ထုပစ္စည်းများကို ပေးနိုင်သူဖြစ်ကြောင်း သိရှိသော်လည်း ယုံကြည်မှုအားနည်းသည်ဟုပြောရမည်ထင်ပါသည်။ နေမန်ထံမှ လိမ်ညာတောင်းခံခဲ့သဖြင့် သစ္စာလည်း ပျက်ခဲ့ပါသည်။ ဘုရားသခင်၏ အမှုတော်ထဲတွင် တစ်သက်လုံး ပါဝင်အသက်ရှင်နေသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာဖြင့်လည်း ကောင်း ကိုးကွယ်နေသူတော့ မဟုတ်ပါချေ။
ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ထဲမှာ ပါဝင်နေရင် ကျိန်စာ သင့်သွားခဲ့ပါသည်။ သင့်အသက်တာကိုလည်း ပြန်လည် ဆန်းစစ်ပါ။ မိမိကိုယ်ကို ဘုရားသခင်နှင့် အမြဲတမ်း သွားလာအသက်ရှင်နေသူ တစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားပါက အမှန်တကယ် ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း ကိုးကွယ်နေသူဖြစ်ပါသလား။
အကယ်၍ မိမိ၏အသက်တာသည် ဘုရားသခင် နှစ်သက်သော ကိုးကွယ်မှုမျိုးမရှိသေးပါက မိမိအသက်တာာကို ပြန်လည် ဆင်ခြင်ကာ ပြင်ဆင်မှုပြုနိုင်ရန် ဝေငှလိုက်ပါသည်။
Rev ဦးမင်းလွင်
Monday, August 29, 2016
Sunday, August 28, 2016
ကြည်လင်သောသြတပ္ပစိတ်...
အဓိကကျမ်းချက်။
ရောမ၊ ၂း၁၅။ ဟေဗြဲ ၉း၁၄။ ဟေဗြဲ၊ ၁၀း ၂၂။ ၁ တိ၊ ၁း၁၉၊ ၅။ တမန်၊ ၂၄း ၁၆။
သြတ ပ္ပ စိတ် နှင့် သူ ၏ လုပ် ဆောင် ချက်….
သြ တ ပ္ပ စိတ် ဆို တာ ကျွန်ုပ် တို့ ကို မှန် တဲ့ အ ရာ တွေ ကို လုပ် ဖို့ ၊ မှား တဲ့ အ ရာ တွေ ကို ရှောင် ရှား ဖို့ အ တွင်း ထဲ က နေ စေ့ ဆော် နေ တဲ့ အ ရာ ဖြစ် ပါ တယ်။ သြ တ ပ္ပ စိတ် ဆို တာ သင် မှ န် တာ လုပ် မိ ယင် ထောက် ခံ ကြောင်း ၊ မှား တာ လုပ် မိ ယင် အ ပြစ် တင် ကြောင်း သက် သေ ပေး တဲ့ အ တွင်း ထဲ က လာ တဲ့ အ သံ ပဲ ဖြစ် ပါ တယ် (ရောမ၊ ၂း ၁၅)။ ဒီ သက် သေ တွေ ကို သင့် အ နေ နဲ့ အ လေး ထား ယင်၊ သြ တ ပ္ပ စိတ် ရှင်း ပြီး (၁တိ၊ ၁း၅)၊ ဂ ရု မ စိုက် လစ် လျှူ ရှု မယ် ဆိုင် ယင် တော့ သြ တ ပ္ပ စိတ် ဆိုး ညစ် မယ် (ဟေ ဗြဲ၊ ၁၀း၂၂)။ တစ် နည်း ပြော ရ ယင်၊ သြ တ ပ္ပ စိတ် ဆို တာ သင် တစ် ခု ခု မှား နေ ပြီ လို့ ဘု ရား သ ခင် က သင့် ကို သ တိ လည် ဖို့ အသုံး ပြု တဲ့ နာ ရီ နှိုး စက် တစ် ခု နဲ့ တူ ပါ တယ်။ လူ တိုင်း မှာ သြ တ ပ္ပ စိတ် ရှိ ကြ ပါ တယ်၊ ဒါ ပေ မဲ့ သြ တ ပ္ပ စိတ် ကို ဘယ် ဟာ က မှန် တယ် ၊ ဘယ် ဟာ က တော့ မှား တယ် လို့ သတ် မှတ် (registering) လုပ် ပေး ထား တဲ့ စံ နှုံး တွေ အ တိုင်း၊ မ တူ ကွဲ ပြား တဲ့ သြ တ ပ္ပ စိတ် တွေ က ၊ မ တူ ခြား နား တဲ့ ထင် မြင် ချက် တွေ ထွက် ပေါ် လာ စေ ပါ တယ်။ တစ် ခါ တစ် ရံ သြ တ ပ္ပ စိတ် ဆို တဲ့ အ ချက် ပေး ခေါင်း လောင်း က အချက် ပေး သင့် ပေ မဲ့ အ သံ ထွက် မ လာ သ လို၊ တစ် ခါ တစ် လေ လဲ အ ချက် ပေး မ ပေး သင့် ပဲ အ ချက် ပေး တာ မျိုး လည်း ရှိ ပါ တယ်။
ကျွန်ုပ် တို့ ရဲ့ သြ တ ပ္ပ စိတ် တွေ ဟာ ကျိုး ကြောင်း ညီ ညွတ် မှု မ ရှိ နိုင် ပါ ဘူး ၊ သူ့ အ နေ နဲ့ မှန် တယ် လို့ သိ ထား တဲ့ အ ခြေ အနေ ကို သာ မှန် တယ် လို့ သာ စေ့ ဆော် ပေး တတ် ကြ ပါ တယ်။ ကျွန်ုပ် တို့ အ နေ နဲ့ ဒီ စေ့ ဆော် မှု အ ချက် ပေး သံ ကို နှစ် သိမ့် နိုင် တယ် ၊ လက် ခံ တုန့် ပြန် နိုင် တယ် ၊ ပိတ် ထား လို့ လည်း ရ နိုင် ပါ တယ်။ ဒါ ပေ မဲ့ ဒီ လို လုပ် လိုက် တာ နဲ့ ၊ ကျွန်ုပ် တို့ အ သက် တာ ထဲ အား ပြိုင် မှု ၊ တင်း မာ မှု တွေ ဖြစ် ပေါ် လာ ပါ လိမ့် မယ်။ ဒီ လို ဖြစ် ပေါ် လာ တဲ့ တင်း မာ မှု နဲ့ အား ပြိုင် မှု တွေ ကို တစ် ကြိမ် တစ် ခါ တော့ ကြိုး စား ပြီး ဖုံး ကွယ် လို့ ရ ကောင်း ရ နိုင် ပေ မဲ့ လည်း၊ နောက် ဆုံး တော့ နာ ကြင် ခြင်း တွေ ၊ ခါး သီး ခြင်း တွေ ပေါ် ထွက် လာ စေ ပါ တယ်။ ဘု ရား သခင် ဟာ ၊ကျွန်ုပ် တို့ ကို သူ့ ရဲ့ အလို တော် နဲ့ အ ညီ အ သက် ရှင် နိုင် အောင် ၊ အ ကူ အ ညီ ပေး ဖို့ ဒီ သြ တ ပ္ပ စိတ် တွေ ကို လူ သား တိုင်း ရဲ့ အ တွင်း ထဲ မှာ ပေး ထား ပြီး သား ဖြစ် ပါ တယ်။ ဘု ရား ရဲ့ အ လို တော် စံ နှုံး တွေ ကို ဒီ သြ တ ပ္ပ စိတ် ထဲ ထည့် သွင်း (Programming) ပေး ထား မယ် ဆို ယင် တော့၊ ကျွန်ုပ် တို့ လုပ် နေ တဲ့ အ ရာ တွေ ဟာ ဘု ရား အ လို တော် နဲ့ ညီ မ ညီ ကျိန်း သေ အ ချက် ပေး ဖေါ် ပြ ပါ လိမ့် မယ်။ သာ မန် လူ သား (ဘု ရား ရဲ့ အလို တော် စံ နှုံး တွေ ၊ သြ တ ပ္ပ စိတ် ထဲ Programming မ ထည့် သွင်း ရ သေး တဲ့ လူ သား) ရဲ့ သြ တ ပ္ပ စိတ် က တော့ ၊ ဘု ရား ရဲ့ အ လို တော် နဲ့ စံ နှုံး သတ် မှတ် ချက် တွေ ကို ပြည့် ပြည့် စုံ စုံ ၊ “မှန်” လို ဖေါ် ပြ ပေး နိုင် မှာ မ ဟုတ် သေး ပါ ဘူး။ လူ သား ဆို တာ က ငယ် စဉ် က လေး ဘ ၀ က သက် ၀င် လှုပ် ရှား ခဲ့ ရ တဲ့ အ သက် တာ ပုံ စံ အ မျိုး မျိုး ၊ သင် ကြား ခံ ယူ ခဲ့ ရ တဲ့ အ ကြောင်း တ ရား အ မျိုး မျိုး ကို ဖြတ် သန်း ကြီး ပြင်း လာ ခဲ့ ကြ ရ တဲ့ သူ တွေ ဖြစ် လို့ ပါ ပဲ။ ဒါ ကြောင့် လူ တွေ ရဲ့ သြ တ ပ္ပ စိတ် ထဲ မှာ Programming ထည့် သွင်း ခံ ထား ရ တဲ့ စံ နှုန်း တွေ ဟာ ဘု ရား ရဲ့ အလို တော် နဲ့ ကိုက် ညီ တာ တွေ ရှိ သ လို၊ မ ကိုက် ညီ တာ တွေ လည်း အ များ ကြီး ရှိ နိုင် ပါ တယ်။ ဒါ ကြောင့် အဲ ဒီ သြ တ ပ္ပ စိတ် ထဲ မှာ ထည့် သွင်း ထား တဲ့ စံ နှုန်း အ တိုင်း ပဲ အ ချက် ပေး သွား မှာ ဖြစ် ပါ တယ်။ ကျွန်ုပ် တို့ ရဲ့ သြ တ ပ္ပ စိတ် ဟာ တ နည်း အား ဖြင့် computer လို ပါ ပဲ။ ကျွန်ုပ် တို့ ထည့် သွင်း ပေး ထား တဲ့ Program အ ချက် အလက် တွေ အ တိုင်း ပဲ အ ဖြေ ထုတ် ပေး မှာ ဖြစ် ပါ တယ်။ ဘု ရား သ ခင် က ကျွန်ုပ် တို့ ရဲ့ သြ တ ပ္ပ စိတ် တွေ ကို ပြန် ပြီး programming ထည့် သွင်း ဖို့ အ လို တော် ရှိ ပါ တယ်။ ဒါ မှ ပဲ၊ ဘု ရား သခင် အလို တော် ရှိ တဲ့ point ကို အ ချိန် တိုင်း ပြ ညွှန် ပေး ပြီး၊ သင့် အ နေ နဲ့ လည်း ဘု ရား ရဲ့ အ လို တော် နဲ့ အ ညီ ဆုံး ဖြတ် ချ၊ လုပ် ဆောင် လာ နိုင် ပြီး၊ မ နာ ခံ ခြင်း နဲ့ ဆိုင် တဲ့ အ ရာ တွေ ကို ဟန့် တား ပေး မယ်၊ ဘု ရား ရဲ့ အ လို တော် ကို ဖေါ် ဆောင် ဖို့ အ ကူ အ ညီ တွေ ပေး သွား မှာ ဖြစ် ပါ တယ်။ ဒါ ကြောင့် ကျွန်ုပ် တို့ ရဲ့ သြ တ ပ္ပ စိတ် တွေ ကို ဘု ရား နှုတ် က ပတ် တော် နဲ့ အ သစ် ပြန် ပြီး programming (ဘု ရား ရဲ့ စံ နှုံး သတ် မှတ် ချက် ပရို ဂ ရမ် တွေ ထည့် သွင်း ခြင်း) လုပ် ဖို့ လို အပ် သ လို ၊ စိတ် နှ လုံး ကို ပြန် လည် အ သစ် ဖြစ် အောင် လုပ် ပေး မဲ့ ဘု ရား ကို လက် ခံ ခွင့် ပြု ရ မှာ ဖြစ် ပါ တယ်။
ဘု ရား ရဲ့ နယ် န မိတ် သတ် မှတ် ချက် …
ယုံ ကြည် ခြင်း အား နည်း တဲ့ သြ တ ပ္ပ စိတ် ရှိ တဲ့ သူ တွေ ဟာ (၁) ဘု ရား ရဲ့ အုပ် ချုပ် တဲ့ နယ် န မိတ် ထဲ မှာ နေ ဖို့ ၊ မှား ယွင်း တဲ့ လုပ် ဆောင် မှု တွေ ကို လုံး ၀ ရပ် တန့် လိုက် ရ ပါ မယ်။ ဆို လို တာက တော့၊ သူ တို့ ဟာ မ ကြာ ခ ဏ ဆို သ လို ၊ ဘု ရား ရဲ့ နယ် န မိတ် နဲ့ မ ဆိုင် တဲ့ နေ ရာ ဆီ ရောက် သွား တတ် လို့ ပါ ပဲ။ ဒါ ပေ မဲ့ ၊ ဘု ရား ရဲ့ စံ နှုံး သတ် မှတ် ချက် program တွေ ထည့် သွင်း ခံ ထား ရ တဲ့ သြ တ ပ္ပ စိတ် ကြောင့် ၊ မ သွား ဖို့ ဟန့် တား ပေး ခြင်း အား ဖြင့် မ စ ကူ ညီ ပါ တယ်။ ဒါ ကြောင့် သူ တို့ သြ တ ပ္ပ စိတ် တွေ ဟာ ဘု ရား နယ် န မိတ် ထဲ မှာ နေ ဖို့ လေ့ ကျင့် ပေး ခြင်း ခံ ရ သ လို၊ နေ နိုင် ဖို့ ကူ ညီ မ စ မှု တွေ ကို လည်း ပေး ပါ တယ်။ တ မန် တော် ကြီး ရှင် ပေါ လု က တော့၊ ဒီ နယ် န မိတ် က နေ ဖြတ် ကျော် မ သွား ဖို့ ၊ အ ထူး သဖြင့် ဘု ရား ရဲ့ နယ် န မိတ် က နေ ဖြတ် ကျော် ချင် အောင် သွေး ဆောင် တဲ့ ဖိ အား တွေ ကို လက် မြှောက် အ ရှုံး မ ပေး ဖို့၊ ဒါ တွေ ဟာ အ ပြစ် ကို ဖြစ် စေ ကြောင်း ပြော ထား ပါ တယ်။
ဘု ရား ရဲ့ နှုတ် က ပတ် တော် အ ပေါ် မှာ အ ခြေ ခံ တဲ့ ခိုင် ခန့် မြဲ မြံ တဲ့ သြ တ ပ္ပ စိတ် ရှိ တဲ့ သူ တွေ ရဲ့ အ သက် တာ မှာ တော့ ဒီ လို တား မြစ် ခြင်း ခံ ရ တာ တွေ နဲ ပါ တယ်။ ဘာ ကြောင့် လဲ ဆို ယင် ၊ သူ တို့ ဟာ ဘု ရား ရဲ့ နယ် န မိတ် ထဲ မှာ ပဲ ဘ ၀ ကို အ ခိုင် အ မာ တည် ဆောက် ပြီး၊ အ နည် ထိုင် တဲ့ အ သက် တာ တွေ ဖြစ် လို့ ပါ ပဲ။ ဒါ တင် မ က သေး ပဲ၊ နာ ခံ လိုက် လျှောက် ပြီး၊ ဘု ရား နဲ့ အ တူ ဘ ၀ အ သက် တာ ကို လျောက် လှမ်း နိုင် ဖို့ အ တွက် ကြီး မား တဲ့ ပံ့ ပိုး မှု တွေ ကို ရ ရှိ နေ တဲ့ သူ တွေ ဖြစ် ကြ လို့ ပါ ပဲ။ ဒီ သြ တပ္ပ စိတ် က ကျွန်ုပ် တို့ ကို ယုံ ကြည်ခြင်း အား ဖြင့် ရဲဝံ့ စွာ အသက် ရှင် စေ ပါ တယ် (ရောမ၊ ၁၄း ၂၃)။ သ တိ ရ ဖို့ က၊ သင့် ရဲ့ သြ တ ပ္ပ စိတ် ဟာ ဘု ရား သင့် ကို စေ့ ဆော် ဖို့ ထား တဲ့ နှိုး စက် တစ် ခု ဖြစ် ကြောင်း မ မေ့ ဖို့ အ ရေး ကြီး ပါ တယ်။ အ ချက် ပေး ပြီ ဆို သ တိ ရ ပါ ၊ ဆင် ချင် ပါ၊ ဒီ လို ဘု ရား က သင့် ကို ဒါ တော့ မှား နေ ပြီ လို့ ထောက် ပြ နေ ကြောင်း နား လည် ပါ ၊ လက် ခံပါ ။ ဒီ လို နည်း အား ဖြင့် ဘု ရား က သင့် ရဲ့ အ သက် တာ ထဲ မှာ အ ကာ အ ကွယ် တွေ ကို တည် ဆောက် ပေး ပါ တယ်။
ဒီ လို ပြောင်း လဲ လိုက် လို့ ဘာ များ တွေ ဖြစ် လာ သ လဲ …
ပြောင်း လဲ ဖို့ လက် ခံ လိုက် တာ နဲ့ ၊ သန့် ရှင်း သော ၀ိညာဉ် တော် က သင့် ရဲ့ သြ တ ပ္ပ စိတ် ထဲ မှာ ငါ ဟာ အ ပြစ် သား ပါ လား လို့ ခံ စား လာ စေ ပါ တယ်။ ဒါ က တော့ အ ပြစ် ရှိ ကြောင်း သိ စေ ဖို့ သန့် ရှင်း သော ၀ိညာဉ် တော် ရဲ့ လုပ် ဆောင် မှု ပဲဖြစ် ပါ တယ် (အပြစ် အား လုံး ကို မြင် လာ စေ ခြင်း)။
“ဥ ပ ဇ္ဈယ် ဆရာ သည် ရောက် လာ လျှင်၊ ဒု စ ရိုက် အ ပြစ် ကို ၄င်း၊ အ ပြစ် တင် ခြင်း ကို ၄င်း၊ အ ပြစ် စီ ရင် ခြင်း ကို ၄င်း၊ လော ကီ သား တို့ အား ထင် ရှား စွာ ဖေါ် ပြ မည်” (ယောဟန်၊ ၁၆း၈)။
ဒါ က တော့ သင် ဟာ အ ပြစ် သား ဖြစ် ကြောင်း၊ ခ ရစ် တော် ထံ ချဉ်း ကပ် ရ မှာ ဖြစ် ကြောင်း သန့် ရှင်း သော ၀ိညာဉ် တော် ကအ တိ အ လင်း ရှင်း လင်း ဖေါ် ပြ ပေး နေ တာ ဖြစ် ပါ တယ်။ တစ် ချိန် တည်း မှာ ပဲ ၊ သင့် အ သက် တာ ထဲ ကို သမ္မာ တရား တွေ ထည့် သွင်း ပေး ပြီး၊ သင့် သြ တ ပ္ပ စိတ် ကို လည်း ပ ညာ အ လင်း နဲ့ ပြည့် ၀ စေ ပြီး ၊ အ ယင် တုံးက မ ရှိ ခဲ့ ဘူး တဲ့ အ ပြစ် နဲ့ ပတ် သက် တဲ့ အ သိ တ ရား သစ် တွေ ကို ထည့် သွင်း ပေး ခြင်း လည်း ဖြစ် ပါ တယ်။ ဒီ လို နဲ့ ဘုရား ရဲ့ လမ်း စဉ် ကို ကျွန်ုပ် တို့ ပို ပြီး သိ လာ လေ လေ၊ ဘု ရား ရဲ့ သမ္မာ တရား လည်း ကျွန်ုပ် တို့ အ သက် တာ ထဲ စီး ၀င် လာ လေ လေ ဖြစ် လာ ပါ တယ်။ ဒီ နေ ရာ မှာ ၊ ငါ တော့ အ ပြစ် တွေ အ များ ကြီး ပြု မိ ထား ပါ လား လို့ ကိုယ့် ကို ကိုယ် ချုပ် နှောင် ခံ ရ တဲ့ သ ဘော ကို ဆို လို တာ မ ဟုတ် ပါ။ အ မှန် တော့၊ ဘု ရား ရဲ့ လမ်း စဉ် အ တိုင်း လိုက် လျှောက် လှမ်း ဖို့ သင် ကြား ခံ ယူ ရ တဲ့ အ တွက် ၊ ကျွန်ုပ် တို့ အ တွက် ဘု ရား ပြင် ဆင် ပေး တဲ့ လွတ် မြောက် ခြင်း ကို ပို ပြီး ရ ရှိ ပိုင် ဆိုင် ခွင့် ရ တာ ကို သာ ဆို လို ခြင်း ဖြစ် ပါ တယ်။
“သို့ သော် လည်း ၊ ထို ဥာဏ် ကို လူ တိုင်း မ ရ၊ အ ချို့ သော သူ တို့ သည် ယ ခု တိုင် အောင် ရုပ် ထု ရှေ့ ၌ ပူ ဇော် သော ယဇ် ကောင် ကို စား သော်၊ ရုပ် တု ကို ထောက် သော စိတ် နှင့် စား ကြ သည် ဖြစ် ၍၊ သူ တို့ ၌ကိုယ် ကို ကိုယ် သိ သော စိတ် သည် အားနဲ သော ကြောင့် ညစ် ညူး ခြင်း သို့ ရောက် တတ် ၏။ အစား အ သောက် အားဖြင့် ဘု ရား သခင့် ရှေ့မှာ မျက် နှာ ရ သည် မဟုတ်၊ အစား ကို သုံး ကာ မျှ ဖြင့် မြတ် သည် မ ဟုတ် ။ ရှောင် ကာ မျှ ဖြင့် ယုတ် သည် မ ဟုတ်” (၁ ကော၊ ၈း ၇-၈)။
ကျွန်ုပ် တို့ ဟာ ဘု ရား ရဲ့ အ လို တော် ကို သိ ကျွမ်း တဲ့ အ သိ ဥာဏ် နဲ့ ပြည့် ၀ နေ ဖို့ ရန် အ လွန် လို အပ် ပါ တယ်။
“ထို့ ကြောင့် ငါ တို့ သည် ကြား ရ သည် နေ့ မှ စ ၍ ၊ သင် တို့ အဖို့ အလို ငှါ အ စဉ် မ ပြတ် ဆုေ တာင်း ပ ဌနာပြု လျက် နေ ကြ ၏” (ကောလော၊ ၁း၉)။
သြ တ ပ္ပ စိတ် ရှင်း ဖို့ အ ရေး ကြီး ပါ သ လား ….
ကျွန်ုပ် တို့ ရ ရှိ ခံ စား ရ တဲ့ ကယ် တင် ခြင်း ဆု ကျေး ဇူး ဆို တာ၊ ကျွန်ုပ် တို့ ကို ပြစ် ဒဏ် စီ ရင် ချက် ချ ခြင်း က နေ လွတ် မြောက် ခွင့် ပေး ခြင်း ပဲ ဖြစ် ပါ တယ်။
“ဘု ရား သ ခင် ကယ် လွှတ် တော် မူ သော ကြောင့်၊ ယေ ရှု ခရစ် ၌ တည် ၍ ၊ ဇာ တိ ပ က တိ အ တိုင်း မ ကျင့် ၊ ၀ိညာဉ် ပ က တိ အ တိုင်း ကျင့်သော သူ တို့ သည် အပြစ် စီ ရင် ခြင်း နှင့် လွှတ် ကြ ၏”(ရောမ ၈း၁)။
သင့် ရဲ့ သြ တ ပ္ပ စိတ် မ ရှင်း ဘူး မ ကြည် လင် ဘူး ဆို ယင်၊ သင် ဟာ ပြစ် ဒဏ် ချ ခြင်း ၊ ဆိုး ညစ် ခြင်း အောက် အ မြဲ ပဲ ရောက် နေ ရ မှာ ဖြစ် ပါ တယ်။ ဒါ တွေ ကို သက် ရောက် စေ ပါ တယ်။
(၁)သင်နဲ့ ဘု ရား သခင် ရဲ့ ဆက် ဆံ ရေး။
သန့် ရှင်း တဲ့ ဘု ရား ရှေ့ မှာ သင် ဟာ ငါ မ သန့် ရှင်း ဘူး လို့ ခံ စား ရ တဲ့ အ တွက် ကြောင့် ၊ ဒု စ ရိုက် က သင်နဲ့ ဘု ရား ရဲ့ ဆက် ဆံ ရေး ကို အ တား အ ဆီး ဖြစ် စေ ပါ တယ် ၊ ဘု ရား ကို မ မြင် နိုင် ၊ စကား မ ပြော နိုင် သူ တွေ ဖြစ် စေ ပါ တယ်။ ဒါ က ကျွန်ုပ် တို့ အ သက် တာ ထဲ အ လျှံ ပယ် စီး ၀င် နေ တဲ့ ဘု ရား ရဲ့ ချစ် ချင်း မေတ္တာ တွေ ကို ဟန့် တား ရပ် ဆိုင်း သွား စေ ပါ တယ်။ သြ တ ပ္ပ စိတ် ကြောင့် ဒု က္ခ နဲ့ တွေ့ ၊ ပျော် ရွှင် မှု လည်း ပျောက် ဆုံး ၊ သေ ခြင်း သို့ ပို့ ဆောင် နေ တဲ့ အ ပြစ် ရဲ့ နယ် န မိတ် ထဲ လည်း ရောက် သွား စေ ပါ တယ်။ ဒါ ကြောင့် အ ပြစ် နဲ့ လုံး ထွေး မိ တိုင်း၊ သြ တ ပ္ပ စိတ် ရဲ့ အ ချက် ပေး တာ ကို နား ထောင် ပါ၊ လက် ခံ ပါ၊ နောင် တ ရ ပါ ၊ ဘု ရား ရဲ့ ရှေ့ တော် မှောက် သို့ စိတ် ချ စွာ ပြန် လည် တိုး ၀င် ပါ၊ ဘု ရား သခင် ရဲ့ နယ် န မိတ် ထဲ မှာ အ ပြစ် တင် ခြင်း လုံး ၀ မရှိ ဘူး ဆို တာ ကို လည်း သိ ထား ပါ၊ ဒီ လို နည်း အား ဖြင့်၊ ဘု ရား ရဲ့ ချစ် ချင်း မေတ္တာ ကို ရ ရှိ ခံ စား စေ နိုင် ပါ တယ်။
(၂)သင့် ရဲ့ ယုံ ကြည်ခြင်း။
သင့် ရဲ့ ယုံ ကြည် ခြင်း ခိုင် မြဲ ဖို့ လို ပါ တယ်။ ခိုင် မြဲ တဲ့ ယုံ ကြည် ခြင်း နဲ့ ဒုစ ရိုက် နဲ့ ပြည့် ၀ တဲ့ သြ တ ပ္ပ စိတ် ဟာ ဘယ် တော့ မှ အ တူ မ သွား လာ နိုင် ပါ ဘူး (ရောမ ၊ ၁၄း၂၃)။
(၃)သင့် ရဲ့ ဆု တောင်း သော အ သက် တာ ။
သင့် ရဲ့ ဆု တောင်း ခြင်း ကြောင့်၊ သင့် ရဲ့ သြ တ ပ္ပ စိတ် က အ ပြစ် နယ် ပယ် ထဲ ကို ဘယ် လို ပဲ ညွန် ပြ ပါ စေ၊ ဘု ရား က သင့် ကို လမ်း မှန် ဘက် မှာ နေ ရ ဖို့ လုံး ၀ ကူ ညီ မ စ ပါ လိမ့် မယ်၊ အဲ ဒီ အ ခါ ၊သင့် ရဲ့ သြ တ ပ္ပ စိတ် လည်း ပြန် ပြီး ကြည် လင် သန့် ရှင်း လာ ပါ လိမ့် မယ်။
(၄)ဘု ရား ရဲ့ နှုတ် က ပတ် တော် အ တွက် သင့် ရဲ့ စိတ် ကူး အ ကြံ အစည် ။
သင့် အ ကြံ အစည် နဲ့ စိတ် ကူး ကို သင် အ သိ ဆုံး ပါ။ ဒု စ ရိုက် နဲ့ ပြည့် ၀ နေ တဲ့ သြ တ ပ္ပ စိတ် ဟာ ဘု ရား ရဲ့ နှုတ် က ပတ် တော် ကို သင် သ ဘော မ ပေါက် ဖို့၊ ရှိ နှင့် ပြီး သား ကို တောင် လု ယူ ဖျက် ဆီး တတ် ပါ တယ်။
(၅)သင့် ရဲ့ သက် သေ။
သင့် အ ထဲ က ထွက် လာ တဲ့ သက် သေ က ကော ဘယ် လို သက် သေ မျိုး လဲ။ စာ တန် က တော့ သင် တကယ် အပြစ် မ လွတ် ပါဘူး (အ သွေး တော် အား ဖြင့် လုံး ၀ အ ပြစ် လွှတ် ခွင့် ရ ကြောင်း ကို)၊ သူ တော် ကောင်း ယောင် ဆောင် နေ ရ တဲ့ သူ(ခ ရစ် တော် ၌ ရှိ ခြင်း အားဖြင့် လူသစ် ဖြစ် သွား ကြောင်း ကို)၊ ဘာ အ ဖြေ မှ လည်း ရ မှာ မ ဟုတ် ပါ ဘူး (ဘု ရား သ ခင် အ ဖြေ ပေး ပြီး ကြောင်း ကို)၊ တ ကယ် တော့ သင် ဟာ ဒု စ ရိုက် သြ တ ပ္ပ စိတ် ပဲ ရှိ နေ တဲ့ သူ ပါ ဆို ပြီး (သန့် ရှင်း သော ၀ိညာဉ် တော် အားဖြင့် သြ တ ပ္ပ စိတ် ကို ဘု ရား က ရှင်း လင်း ပေး ပြီး၊ Programming အသစ် ဘု ရား ထည့် ပေး ပြီး ကြောင်း ကို) ၊ ခံ ယူ ယုံ ကြည် အောင် ကြိုးစား ပါ လိမ့် မယ်။
ဒု စ ရိုက် က နေ လွတ် မြောက် သွား ပြီး ဖြစ် တဲ့ သန့် ရှင်း တဲ့ သြ တ ပ္ပ စိတ် ကို ဘယ် လို ကာ ကွယ် စောင့် ရှောက် မ လဲ ၊ ထိန်း သိမ်း မ လဲ …
ကျွန်ုပ် တို့ ရဲ သြ တ ပ္ပ စိတ် ကို သန့် ရှင်း အောင် ၊ ဒု စ ရိုက် နဲ့ ကင်း အောင် လုပ် ဆောင် နိုင် ပါ တယ်။ ခရစ် တော် ရဲ့ အ သွေး တော် ဟာ ၊ ကျွန်ုပ် တို့ ရဲ့ အ ပြစ် စွန်း ထင်း မှု တွေ ကို သန့် ရှင်း အောင်၊ မ သန့် ရှင်း တဲ့ သြ တ ပ္ပ စိတ် ကို စင် ကြယ် အောင်၊ သစ် လွင် တဲ့ သြ တပ္ပ စိတ် ဖြစ် အောင် ပြု လုပ် ပေး ပါ တယ်။ ခ ရစ် တော် ရဲ့ သန့် စင် ပေး တဲ့ လုပ် ငန်း ကျွန်ုပ် တို့ အ ထဲ မှာ သက် ရောက် ဖို့ က တော့ ၊ အောက် မှာ ပေးထား တဲ့ အ ချက် (၄)ချက် ပါ ပဲ။
(၁)အပြစ် ကို ချက် ချင်း ၀န်ချ ၀န်ခံ ဖို့။
အပြစ် လုပ် မိ ပြီ လို့ သိ တာ နဲ့ ချက် ချင်း ၀န် ချ ပါ (၁ယော၊ ၁း၉)။ အ ပြစ် ဟာ ကျွန်ုပ်တို့ ရဲ့ သြ တ ပ္ပ စိတ် ကို ဖုံး လွှမ်း ညစ် ညမ်း စေ ပြီး၊ စင် ကြယ်တဲ့ သြ တပ္ပ စိတ် ၊ ယုံ ကြည် စိတ် ချ တဲ့ စိတ် နဲ့ ဘု ရား သ ခင် ဆီ မ သွား နိုင် အောင် လုပ် ပါ တယ်။ ဒါ ကြောင့် ဆု တောင်း ချက် ထဲ မှာ ခရစ် တော် သင် ပေးထား တဲ့ “ကျွန်ုပ် တို့ ၏ အပြစ် များ ကို လွှတ် တော် မူ ပါ” ဆို တဲ့ ဘု ရား သခင် ထံ ချက် ချင်း အ ပြစ် ၀န် ချ ခြင်း မျိုး နဲ့ ထိမ်း သိမ်း စောင့် ရှောက် ထား နိုင် ပါ တယ် (မသဲ၊ ၆း ၁၂)။
(၂)ဂတိတော်ကို ရှင်းရှင်းလင်းလင်းနဲ့ယုံကြည်ဖို့။
ဘုရား သခင် ဟာ သစ္စာ နှင့် ပြည့် စုံ ပြီး၊ ကျွန်ုပ် တို့ အ ပြစ် ကို ခွင့် လွှတ် ပိုင်သော ဘု ရား၊ ကျွန်ုပ် တို့ ကို သန့် ရှင်း စင် ကြယ် ခွင့် ပေး ပိုင် သော ဘု ရား ဖြစ် ပါ တယ် (၁ယော၊ ၁း ၉)။ ကျွန်ုပ် တို့ ရဲ့ သြ တ ပ္ပ စိတ် အလုံး စုံ ကို ခ ရစ် တော် ရဲ့ အ သွေး တော် နဲ့ ဆေး ကြော ခဲ့ ပြီး ပါ ပြီ (ဟေဗြဲ၊ ၉း ၁၄)။ လုံးဝ ဥ သုံ ဒု စရိုက် အ ပြစ် က နေ လွှတ် မြောက် စေ ခဲ့ ပါ ပြီ။ ဘယ် ကျန် ကြွင်း တဲ့ ၀ိညာဉ် ဆိုး တွေ က မှ ကျွန်ုပ် ကို စွဲ ချက် တင် လို့ မ ရ တော့ ပါ ဘူး။ ဒီ စွဲ ချက် တွေ ဟာ ဘု ရား ထံ ပါး က လာ တဲ့ အ ရာ မဟုတ် ဘူး ဆို တာ ကို ရှင်း ရှင်း လင်း လင်း ကြီး ကို နား လည် ပြီး ပြီ၊ ဒီ မ ဟုတ် မ ဟ စွဲ ချက် တွေ ကို လည်း ဘု ရား ပေး တဲ့ ခွန် အား နဲ့ လုံး ၀ ဥ သုံ ခံ နိုင် ရည် ရှိ သွား ပြီ။ ဘု ရား ရဲ့ ဂ တိ တော် ကို ဒီ လို သိ ရှိ ခံ စား ပြီး ခိုင် မြဲ စွာ ယုံ ကြည် ရ ပါ မယ်။
(၃)သင့် ရဲ့ သြ တ ပ္ပ စိတ် ရဲ့ အချက် ပေးသံ ကို လိုက် နာ ဆောင် ရွက် ပါ။
သင့် အား နဲ ချက် တွေ ကို ၀န် ခံ တာ ထက် သင့် ရဲ့ သြ တ ပ္ပ စိတ် ရဲ့ အချက် ပေးသံ ကို လိုက် နာ ပြီး လက် တွေ့ ဆောင် ရွက် ပါ။ ချွတ် ချော် မှု တွေ ကို ရပ် ဆိုင်း လိုက် ပါ (ယာကုပ်၊ ၁း ၂၂)။ ဒါ ဟာ ဘု ရား ရဲ့လမ်း စဉ် ပဲ လို့ သိ လိုက် တာ နဲ့ ၊ သင့် ရဲ့ သြ တ ပ္ပ စိတ် က ညွှန် ပြနေ တဲ့ အတိုင်း လုပ် ဆောင် ဖို့ ရန် လို အပ် ပါ တယ်။
(၄)အလင်း ထဲ ၌ အဆက် မ ပြတ် လျှောက် လှမ်း သက် ရှင် ပါ။
ဘု ရား သ ခင် အ တွက် သင့် ရဲ့ နှ လုံး သား ကို အ မြဲ ဖွင့် ပေး ထား ပါ၊ သန့် ရှင်း သော ၀ိညာဉ် တော် ရဲ့လမ်း ပြ မှု ကို သံ သ ယကင်း စွာ အ လွယ် တ ကူ လက် ခံ လိုက် လျှောက် ပါ၊ ဘု ရား ရဲ့ အလို တော် ပဲ လို့ သိ လိုက် တာ နဲ့ တစ် ပြိုက် ထဲ ချက် ချင်း နာ ခံ လိုက် လျှောက် ဖို့ အ ဆင် သင့် ရှိစေ ပါ။ “ဘု ရား သ ခင် ကို ပြစ် မှား ပြီ၊ လူ တို့ ကို ပြစ် မှား ပြီ ဟု ကိုယ် စိတ် နှ လုံး သည် ကိုယ် ၌ အပြစ် တင် ခွင့်နှင့် အစဉ် ကင်း လွှတ် မည် အ ကြောင်း အ ကျွန်ုပ် သည် ကြိုး စား အား ထုတ် ပါ ၏” (တမန်၊ ၂၄း ၁၆)။ ကျွန်ုပ် တို့ လည်း တ မန် တော် ကြီး ရှင် ပေါ လု လို လုပ် ဆောင် ရ ပါ မယ်။
(၅)မာကြောသောသြတပ္ပစိတ်။
လူ တစ် ယောက် ဟာ သူ့ သြ တ ပ္ပ စိတ် ရဲ့ အ ချက် ပေး သံ ကို ငြင်း ပယ် ပြီး ၊ ကိုယ့် စိတ် အ လို အ တိုင်း သွား နေ တယ် ဆို ယင် တော့ ၊ သူ့ ရဲ့ သြ တပ္ပ စိတ် ဟာ မာ ကြော လာ ပြီး၊ အ ချက် ပေး မှု တွေ လည်း ရပ် ဆိုင်း သွား ပါ လိမ့် မယ်။ တ မန် တော် ရှင် ပေါ လု က ဒါ နဲ့ ပါတ် သက် ပြီး ဘာ ပြော ထား လဲ ဆို ယင်၊ “နောင် ကာ လ ၌ သြ တ ပ္ပ စိတ် ၌ သံ ပူ နှင့် ခပ် ခြင်း ကို ခံ ပြီး လျှင် ၊ မု သာ စ ကား ကို ပြော တတ် သော သူ တို့ ၏ လျှို့ ၀ှက် ခြင်း အား ဖြင့်၊ လူ အ ချို့ တို့ သည် ယုံ ကြည် ခြင်းကို စွန့် ပယ် ၍ လှည့် ဖြား တတ် သော စိတ် ၀ိညာဉ် တို့ ၌ ၄င်း၊ နတ် ဘု ရား တို့ နှင့် စပ် ဆိုင် သော သြ ၀ါ ဒ တို့ ၌ ၄င်း မှီ ၀ဲ ဆည်း ကပ် ကြ လိမ့် မည်” (၁တိ ၊ ၄း၂)။ ဒါ ဟာ အန္တ ရယ် ဇုံ ထဲ ကို ၀င် ရောက် သွား တာ ဖြစ် ပါ တယ်။ ငါ တို့ လွှတ် မြောက် ခွင့် ရ ပြီ၊ ဘာ မှ လုပ် နေ စ ရာ မ လို တော့ ဘူး ဆို ပြီး ဒီ အ တိုင်း ရပ် တန့် နေ မယ် ဆို ယင် တော့၊ ထာ ၀ ရ အတွက် ဆုံး ရှုံး မှု တွေ ဖြစ် လာ ပါ လိမ့် မယ်။ ဘာ နဲ့ တူ သ လဲ ဆို ယင် ၊ နာ ကြင် ခံစား မှု မ ရှိ တော့ တဲ့ အ ရာ နဲ့ တူ ပါ တယ်။ နာ ကြင် မှု ဟာ ကျွန်ုပ် တို့ ကို ပျက် စီး တော့ မယ် လို့ သ တိ ပေး နေ တာ ဖြစ် သ လို ၊ သ တိ ပေး ခြင်း လုံး ၀ မ ရှိ တော့ ယင် လည်း သိပ် ကို မာ ကြော တဲ့ အ ခြေ အ နေ ကို ရောက် သွား စေ ပါ တယ်။
ဒါကြောင့် မိတ် ဆွေ တို့ ရေ ….
သင့်ရဲ့ သြ တ ပ္ပ စိတ် ဆို တာ သင့် ကို လမ်း မှန် ပေါ် မှာ ဘု ရား သခင် နဲ့ မိတ် သဟာ ရ ဖွဲ့ ပြီး လျောက် လှမ်း အ သက် ရှင် ဖို့ ကူ ညီ ဖေး မ အ ချက် ပေး သွား မဲ့၊ သင့် အ တွက် ဘု ရား သခင် ပေး ထား ပြီး ဖြစ် တဲ့ ၊ အ ထိ ရောက် ဆုံး သော တန် ဆာ ပ လာ တစ် ခု ဖြစ် ကြောင်း တင် ပြ လိုက် ရ ပါ တယ်။ လူ တိုင်း ဘု ရား သ ခင် reprogramming လုပ် ပေး ထား တဲ့ သြ တ ပ္ပ စိတ် တွေ ပိုင် ဆိုင် ပြီး၊ သူ့ ရဲ့ အချက် ပေး သံ တွေ ကို နား စွင့် ၊ တုန့် ပြန် လိုက် လျှောက် ကာ၊ ဘု ရား ရဲ့ ကျေး ဇူး တော် ကို ချီး မွမ်း အ သက် ရှင် သူ များ ဖြစ် ကြ ပါ စေ….
ဝိညာဉ်မီးအိမ်

Wednesday, August 24, 2016
သေခြင်း၏အယူဝါဒ(The Doctrine of Death)
ဖတ်ရန်။၁ကော၊၁၅
“ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသောအခြားသူတို့သည်၊၀မ်းနည်းသကဲ့သို့၊သင်တို့သည်ဝမ်းမ
နည်းမည်အကြောင်းအိမ်ပျော်သောသူတို့၏အမှုအရာကိုမသိဘဲနေစေခြင်းငှာငါတို့အလိုမရှိ”
(၁သက်၊၄း၁၃)
ခရစ်ယာန်အသက်တာတွင် “အမြစ်မရှိဘဲ၊အသီးမရှနိုင်”ဟု Dr.Elton Truebloodကပြောပါသည်။ ခရစ်ယာန်
တို့၏မွှေးကြိုင်သောပန်းရနံ့သတင်သည်လည်း၊ သမ္မာတရားအမြစ်များမရှိပဲ နှစ်သိမ့်မှုကိုပေးနိုင်မည်မဟုတ်။
သမ္မာကျမ်းစာထဲတွင်သမ္မာတရားနှင့်ပြည့်ဝသော မှန်ကန်သည့်အယူဝါဒအမြစ်များစွာရှိပါသည်။ ဆိုလိုသည်မှာ-ဘုရားသခင်၏အယူဝါဒ(doctrine)များမှာ၊ ကယ်တင်ခြင်းအယူဝါဒ၊ ယုံကြည်ခြင်းအယူဝါဒ၊
နှစ်ခြင်းမင်္ဂလာအယူဝါဒ၊ အလုပ်အကိုင်နှင့်ပတ်သက်သောအယူဝါဒနှင့် တခြားအယူဝါဒများလည်းရှိပါသည်။
“သေခြင်း၏အယူဝါဒ”လည်းတွေ့မြင်ရမည်ဖြစ်သည်။ ဤအယူဝါဒကိုတွေ့ရှိပြီး၊လက်ခံပါက ဘ၀မုန်တိုင်းကြားထဲတွင်မိမိအသက်တာသည် မယိမ်းယိုင်ပဲ ခိုင်မြဲနေမည့်အပြင်အသီးသီးသော
အသက်တာဖြစ်လာမည်။ သမ္မာကျမ်းစာထဲတွင်-သေခြင်း၏အယူဝါဒများကိုတွေ့မြင်ရသလို
(၁ကော၊၁၅)တွင် ထိုအယူဝါဒကိုအထူးသဖြင့်တွေ့ရှိရမည်ဖြစ်သည်။
၁။သေခြင်းကိုရှောင်ကွင်း၍မရနိုင်ပါ(Death is inevitable)
“ယုမျက်မှောက်ပုပ်တတ်သောအရာသည်မပုပ်နိုင်သောအဖြစ်သို့ဝင်စားရမည်။ယခုမျက်မှောက်
သေတတ်သောအရာသည်မသေနိုင်သောအဖြစ်သို့ဝင်စားရမည်”(၁ကော၊၁၅း၅၃)။ လူတိုင်းတစ်နေ့တွင်
သောရမည်ဆိုသည်ကို ယုံကြည်ကြသော်လည်း နောက်တစ်ခါကျွန်ုပ်အလှည့်ပဲဆိုသည်ကို မည်သူမျှ
မယုံကြည်ကြပါ။လူ၏မွေးဖွားလာနှုန်းနှင့်သေဆုံးရနှုန်းအတူတူဟုပြောကြပါသည်။ (ဟေဗြဲ၊၉း၂၇)အရ
“လူသည်တစ်ခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့”ဟုဖေါ်ပြထားသော်လည်း
ဤအယူဝါဒကို ဆန့်ကျင်နိုင်သူတစ်ဦးတစ်ယောက်မျှမတွေ့ရပါ။
၂။သေခြင်းကိုရှင်းပြနိုင်စွမ်းမရှိပါ(Death is inexplicable)
“နက်နဲသောအရာတစ်ခုကိုငါပြဦးမည်” (၁ကော၊၁၅း၅၁) “နက်နဲသောအရာ”(Mystery)ဟုဆိုရာတွင်
သေဖူးသောသူများသာရှင်းပြနိုင်မည်ဖြစ်ပါသည်။ မသေဖူးသေးသောသူများအတွက်(လျှို့ဝှက်ထားသော
နားလည်ရန်ခက်ခဲ့သည့်အရာ)ဖြစ်ပါသည်။ ခရစ်တော်အထဲသို့ မိမိအသက်ဝိညာဉ်ကိုမြုပ်နှံထားသော
သူများအတွက် ထိုသေခြင်းသဘောကို သိမြင်ရန်အသစ်သောအသိတရားတစ်ခုဝင်လာမည်။ ရေးခဲ့သော
စာများ၊ သီဆိုခဲ့သောသီချင်းများနှင့် ဟောခဲ့သောတရာေးသနာများ၊များစွာရှိခဲ့ငြားသော်လည်း၊ သေခြင်း
သည်Mystery တစ်ခုဖြစ်ဆဲပင်။ထိုသေခြင်းကိုနားလည်ရန်နှင့်ရှင်းပြနိုင်ရန်မတတ်စွမ်းနိုင်ကြပါ။သေခြင်း
သဘောကိုလက်ခံခြင်းသည်စိတ်၏သက်သာခြင်းကိုရရှိရန်လမ်းတစ်လမ်းဖြစ်ပါသည်။
၃။သေခြင်းသည်ကြားကာလသာဖြစ်သည်(Death is intermediate)
“ငါတို့ရှိသမျှသည်အိပ်ပျော်ရကြမည်မဟုတ်၊ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်”
(၁ကော၊၁၅း၅၁-၅၂)။သမ္မာကျမ်းစာက ယခုလက်ရှိဘ၀ထက်နောင်ဘ၀တွင်များစွာသောအရာများရှိမည်။
သေခြင်းသည်အဆုံးမဟုတ်ပါ။ထာဝရကာလသို့ဝင်စားရန်တံခါးပေါက်(entrance)သာဖြစ်သည်။
ခရီးအဆုံးမဟုတ်ပါ။တံခါးပေါက်တစ်ပေါက်သာဖြစ်သည်။ ယောဘက၊“လူသည်သေလျှင်အသက်ရှင်ပြန်
ပါလိမ့်မည့်လော။အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ပင်ပန်းစွာအမှုထမ်းရသောနေ့ရက်ကာလပတ်လုံး
သည်းခံလျက်နေပါမည်”(ယောဘ၊၁၄း၁၄)။
၎။သေခြင်းသည်ကြေကွဲ၊ပူဆွေးဝမ်းနည်းဖွယ်ဖြစ်နိုင်သည်။
“ငါတို့သည်ခရစ်တော်ကိုအမှီပြု၍ယခုဘ၀၌သာမြော်လင့်စရာရှိလျှင်၊အခြားသောသူအပေါင်းတို့ထက်
သာ၍ဆင်းရဲသောသူဖြစ်ကြ၏”(၁ကော၊၁၅း၁၉)။ကျွန်ုပ်တို့ အသက်ရှင်နေရသောကမ္ဘာသည်နေ့စဉ်
ကြေကွဲဝမ်းနည်းဖွယ်ရာအဖြစ်အပျက်များနှင့်ပြည့်နေပါသည်။သတင်းမီဒီယာများအားဖြင့်ဖေါ်ပြနေပါသည်။
သို့သော်အကြီးမားဆုံးပူဆွေးဝမ်းနည်းစရာအကြာင်းမှာ ဘုရားသခင်မပါဘဲထာဝရကာလသို့သွားခြင်းပင်
ဖြစ်သည်။အသေဆိုးဖြင့်သေဆုံရခြင်းသည်ကြေကွဲဝမ်းနည်းခြင်း၏လက္ခဏာတစ်ခုမဟုတ်ဘဲ၊အသေကောင်း
ဖြင့်သေရသော်လည်းမိမိဝိညာဉ်ရေးရာဘက်တွင်ပြင်ဆင်မှုမရှိခြင်းကကြေကွဲပူဆွေဝမ်းနည်းခြင်း၏
အထွဋ်အထိပ်ဖြစ်ပါသည်။
၅။သေခြင်းကိုအောင်ပွဲခံနိုင်ပါသည်(Death can be triumphant)
“ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်မြင်အခွင့်ကိုပေးတော်မူသော၊ဘုရားသခင်၏ကျေးဇူးတော်
သည်ကြီးလှစွာတကား”(၁ကော၊၁၅း၅၇)။ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအလင်းရောင်အလုံးစုံသည်
ကျွန်ုပ်တို့အတွက်ဖြစ်ပေပြီ။သူသည်သေခြင်းကိုအောင်မြင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့သည်လည်းသေခြင်းကို
အောင်ပွဲခံနိုင်ခွင့်ရရှိပါပြီ။နေထွက်လာခါစပုံစံနှင့်နေ၀င်သွားခါစပုံစံတို့ကိုခွဲခြားရန်အလွန်ခက်ခဲမည်ဖြစ်သည်။
မယုံကြည်သူများအတွက်သေခြင်းသည်နေ၀င်ခြင်းဖြစ်ပြီး၊ယုံကြည်သူအတွက်မှာမူနေထွက်ခြင်းဖြစ်ပါသည်။
နိဂုံး။
သေခြင်းအပေါ်ကျွန်ုပ်တို့၏အောင်မြင်ခြင်းသည်ကြောက်လန့်ဖွယ်ရာများ၊စိုးရိမ်ကြောင့်ကြဖွယ်ရာများနှင့်
စိတ်ကြေကွဲဖွယ်ရာများရှိမည်ဖြစ်သော်လည်း၊ထိုအရာအားလုံးသည်ယေရှုခရစ်တော်အထဲ၌သာဖြစ်ပါသည်။
RevDrအော်နယ်ညို
Monday, August 22, 2016
ယုံကြည်သူတိုင်းလုပ်ရမည့်အလုပ်(၃)
၁။#ဘုရားနှင့်အချိန်ယူခြင်းအလုပ်ကိုလုပ်ရပါမည
်(က၊၃း၈။ကော၊၁း၂၀)။ဘုရားနှင့်အချိန်ယူခြင်းကိုနှစ်ပိုင်းပိုင်းထားပါသည်။တစ်ဦးတည်းဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းနှင့်
ယုံကြည်သူများနှင့်အတူဘုရားကိုဝတ်ပြုကိုးကွယ်ခြင်း
တို့ဖြစ်ပါသည်(ဒံ၊၆း၁၀။ဒံ၊၂း၁၇-၁၈)။
ဘုရားနှင့်အချိန်ယူခြင်းတွင်
(၁)ကျမ်းစာဖတ်ခြင်းပါဝင်သည်(ဟေရှာ၊၃၄း၁၆)။ကျမ်းစာဖတ်ခြင်းဆိုသည်မှာဘုရားကကျွန်ုပ်တို့ကို
စကားပြောခြင်းဖြစ်သည်။
(၂)ဆုတောင်းခြင်းလည်းပါဝင်သည်(၁သက်၊၅း၁၇)။ဆုတောင်းခြင်းဆိုသည်မှာကျွန်ုပ်တို့ကဘုရားကို
စကားပြောခြင်းဖြစ်သည်။
(၃)ချီးမွမ်းခြင်းလည်းပါဝင်သည်(၁သက်၊၅း၁၈)။ချီးမွမ်းခြင်းဆိုသည်မှာအရာရာ၌ကျေးဇူးတော်ကို
ဝန်ခံခြင်းဖြစ်သည်။
၂။#ဟောပြောခြင်းအလုပ်ကိုလုပ်ရမည်
(မာ၊၁၆း၁၅)။ဟောပြောခြင်းဆိုသည်မှာဘုရား၏စကားကို
ပြောခြင်းဖြစ်သည်။
၃။လက်တွေ့ကျင်လည်ခြင်းအလုပ်ကိုလုပ်ရပါမည်
(တိတု၊၂း၇။၁တိ၊၄း၁၅-၁၆)။
အချုပ်အားဖြင့်ဆိုသော်ဘုရားနှင့်ပထမဦးစွာအချိန်ယူပါ။ထို့နောက်ဘုရားပြောစေလိုသောအရာကိုပြောပါ။လက်တွေ့ကျင်လည်ပါ။
Ptr ဦးနိုင်ဝင်းဆွေ
Subscribe to:
Posts (Atom)