Facebook Page
Monday, August 22, 2016
ယုံကြည်သူတိုင်းလုပ်ရမည့်အလုပ်(၃)
၁။#ဘုရားနှင့်အချိန်ယူခြင်းအလုပ်ကိုလုပ်ရပါမည
်(က၊၃း၈။ကော၊၁း၂၀)။ဘုရားနှင့်အချိန်ယူခြင်းကိုနှစ်ပိုင်းပိုင်းထားပါသည်။တစ်ဦးတည်းဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းနှင့်
ယုံကြည်သူများနှင့်အတူဘုရားကိုဝတ်ပြုကိုးကွယ်ခြင်း
တို့ဖြစ်ပါသည်(ဒံ၊၆း၁၀။ဒံ၊၂း၁၇-၁၈)။
ဘုရားနှင့်အချိန်ယူခြင်းတွင်
(၁)ကျမ်းစာဖတ်ခြင်းပါဝင်သည်(ဟေရှာ၊၃၄း၁၆)။ကျမ်းစာဖတ်ခြင်းဆိုသည်မှာဘုရားကကျွန်ုပ်တို့ကို
စကားပြောခြင်းဖြစ်သည်။
(၂)ဆုတောင်းခြင်းလည်းပါဝင်သည်(၁သက်၊၅း၁၇)။ဆုတောင်းခြင်းဆိုသည်မှာကျွန်ုပ်တို့ကဘုရားကို
စကားပြောခြင်းဖြစ်သည်။
(၃)ချီးမွမ်းခြင်းလည်းပါဝင်သည်(၁သက်၊၅း၁၈)။ချီးမွမ်းခြင်းဆိုသည်မှာအရာရာ၌ကျေးဇူးတော်ကို
ဝန်ခံခြင်းဖြစ်သည်။
၂။#ဟောပြောခြင်းအလုပ်ကိုလုပ်ရမည်
(မာ၊၁၆း၁၅)။ဟောပြောခြင်းဆိုသည်မှာဘုရား၏စကားကို
ပြောခြင်းဖြစ်သည်။
၃။လက်တွေ့ကျင်လည်ခြင်းအလုပ်ကိုလုပ်ရပါမည်
(တိတု၊၂း၇။၁တိ၊၄း၁၅-၁၆)။
အချုပ်အားဖြင့်ဆိုသော်ဘုရားနှင့်ပထမဦးစွာအချိန်ယူပါ။ထို့နောက်ဘုရားပြောစေလိုသောအရာကိုပြောပါ။လက်တွေ့ကျင်လည်ပါ။
Ptr ဦးနိုင်ဝင်းဆွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment