Facebook Page
![Facebook Page](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaafkmOEqh7vKgDqtLUcscKzwVt94VE18rSXJE0a0x1l2_VTON7vW7Bs-ruWmCMHFCY_hPtWnKJmY1cQOF5zZFjQiZLxa-wx3KyEJH44TAIQlHkjm7Chnw_tNKGTnJZAoBVWBDmnDY0iSo/s1600/cutout-1451122517_1452icsay.jpg)
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍သမ္မာတရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုရှိ၏။ ၁တိ၊ ၂း ၎
Wednesday, August 24, 2016
သေခြင်း၏အယူဝါဒ(The Doctrine of Death)
ဖတ်ရန်။၁ကော၊၁၅
“ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသောအခြားသူတို့သည်၊၀မ်းနည်းသကဲ့သို့၊သင်တို့သည်ဝမ်းမ
နည်းမည်အကြောင်းအိမ်ပျော်သောသူတို့၏အမှုအရာကိုမသိဘဲနေစေခြင်းငှာငါတို့အလိုမရှိ”
(၁သက်၊၄း၁၃)
ခရစ်ယာန်အသက်တာတွင် “အမြစ်မရှိဘဲ၊အသီးမရှနိုင်”ဟု Dr.Elton Truebloodကပြောပါသည်။ ခရစ်ယာန်
တို့၏မွှေးကြိုင်သောပန်းရနံ့သတင်သည်လည်း၊ သမ္မာတရားအမြစ်များမရှိပဲ နှစ်သိမ့်မှုကိုပေးနိုင်မည်မဟုတ်။
သမ္မာကျမ်းစာထဲတွင်သမ္မာတရားနှင့်ပြည့်ဝသော မှန်ကန်သည့်အယူဝါဒအမြစ်များစွာရှိပါသည်။ ဆိုလိုသည်မှာ-ဘုရားသခင်၏အယူဝါဒ(doctrine)များမှာ၊ ကယ်တင်ခြင်းအယူဝါဒ၊ ယုံကြည်ခြင်းအယူဝါဒ၊
နှစ်ခြင်းမင်္ဂလာအယူဝါဒ၊ အလုပ်အကိုင်နှင့်ပတ်သက်သောအယူဝါဒနှင့် တခြားအယူဝါဒများလည်းရှိပါသည်။
“သေခြင်း၏အယူဝါဒ”လည်းတွေ့မြင်ရမည်ဖြစ်သည်။ ဤအယူဝါဒကိုတွေ့ရှိပြီး၊လက်ခံပါက ဘ၀မုန်တိုင်းကြားထဲတွင်မိမိအသက်တာသည် မယိမ်းယိုင်ပဲ ခိုင်မြဲနေမည့်အပြင်အသီးသီးသော
အသက်တာဖြစ်လာမည်။ သမ္မာကျမ်းစာထဲတွင်-သေခြင်း၏အယူဝါဒများကိုတွေ့မြင်ရသလို
(၁ကော၊၁၅)တွင် ထိုအယူဝါဒကိုအထူးသဖြင့်တွေ့ရှိရမည်ဖြစ်သည်။
၁။သေခြင်းကိုရှောင်ကွင်း၍မရနိုင်ပါ(Death is inevitable)
“ယုမျက်မှောက်ပုပ်တတ်သောအရာသည်မပုပ်နိုင်သောအဖြစ်သို့ဝင်စားရမည်။ယခုမျက်မှောက်
သေတတ်သောအရာသည်မသေနိုင်သောအဖြစ်သို့ဝင်စားရမည်”(၁ကော၊၁၅း၅၃)။ လူတိုင်းတစ်နေ့တွင်
သောရမည်ဆိုသည်ကို ယုံကြည်ကြသော်လည်း နောက်တစ်ခါကျွန်ုပ်အလှည့်ပဲဆိုသည်ကို မည်သူမျှ
မယုံကြည်ကြပါ။လူ၏မွေးဖွားလာနှုန်းနှင့်သေဆုံးရနှုန်းအတူတူဟုပြောကြပါသည်။ (ဟေဗြဲ၊၉း၂၇)အရ
“လူသည်တစ်ခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့”ဟုဖေါ်ပြထားသော်လည်း
ဤအယူဝါဒကို ဆန့်ကျင်နိုင်သူတစ်ဦးတစ်ယောက်မျှမတွေ့ရပါ။
၂။သေခြင်းကိုရှင်းပြနိုင်စွမ်းမရှိပါ(Death is inexplicable)
“နက်နဲသောအရာတစ်ခုကိုငါပြဦးမည်” (၁ကော၊၁၅း၅၁) “နက်နဲသောအရာ”(Mystery)ဟုဆိုရာတွင်
သေဖူးသောသူများသာရှင်းပြနိုင်မည်ဖြစ်ပါသည်။ မသေဖူးသေးသောသူများအတွက်(လျှို့ဝှက်ထားသော
နားလည်ရန်ခက်ခဲ့သည့်အရာ)ဖြစ်ပါသည်။ ခရစ်တော်အထဲသို့ မိမိအသက်ဝိညာဉ်ကိုမြုပ်နှံထားသော
သူများအတွက် ထိုသေခြင်းသဘောကို သိမြင်ရန်အသစ်သောအသိတရားတစ်ခုဝင်လာမည်။ ရေးခဲ့သော
စာများ၊ သီဆိုခဲ့သောသီချင်းများနှင့် ဟောခဲ့သောတရာေးသနာများ၊များစွာရှိခဲ့ငြားသော်လည်း၊ သေခြင်း
သည်Mystery တစ်ခုဖြစ်ဆဲပင်။ထိုသေခြင်းကိုနားလည်ရန်နှင့်ရှင်းပြနိုင်ရန်မတတ်စွမ်းနိုင်ကြပါ။သေခြင်း
သဘောကိုလက်ခံခြင်းသည်စိတ်၏သက်သာခြင်းကိုရရှိရန်လမ်းတစ်လမ်းဖြစ်ပါသည်။
၃။သေခြင်းသည်ကြားကာလသာဖြစ်သည်(Death is intermediate)
“ငါတို့ရှိသမျှသည်အိပ်ပျော်ရကြမည်မဟုတ်၊ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်”
(၁ကော၊၁၅း၅၁-၅၂)။သမ္မာကျမ်းစာက ယခုလက်ရှိဘ၀ထက်နောင်ဘ၀တွင်များစွာသောအရာများရှိမည်။
သေခြင်းသည်အဆုံးမဟုတ်ပါ။ထာဝရကာလသို့ဝင်စားရန်တံခါးပေါက်(entrance)သာဖြစ်သည်။
ခရီးအဆုံးမဟုတ်ပါ။တံခါးပေါက်တစ်ပေါက်သာဖြစ်သည်။ ယောဘက၊“လူသည်သေလျှင်အသက်ရှင်ပြန်
ပါလိမ့်မည့်လော။အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ပင်ပန်းစွာအမှုထမ်းရသောနေ့ရက်ကာလပတ်လုံး
သည်းခံလျက်နေပါမည်”(ယောဘ၊၁၄း၁၄)။
၎။သေခြင်းသည်ကြေကွဲ၊ပူဆွေးဝမ်းနည်းဖွယ်ဖြစ်နိုင်သည်။
“ငါတို့သည်ခရစ်တော်ကိုအမှီပြု၍ယခုဘ၀၌သာမြော်လင့်စရာရှိလျှင်၊အခြားသောသူအပေါင်းတို့ထက်
သာ၍ဆင်းရဲသောသူဖြစ်ကြ၏”(၁ကော၊၁၅း၁၉)။ကျွန်ုပ်တို့ အသက်ရှင်နေရသောကမ္ဘာသည်နေ့စဉ်
ကြေကွဲဝမ်းနည်းဖွယ်ရာအဖြစ်အပျက်များနှင့်ပြည့်နေပါသည်။သတင်းမီဒီယာများအားဖြင့်ဖေါ်ပြနေပါသည်။
သို့သော်အကြီးမားဆုံးပူဆွေးဝမ်းနည်းစရာအကြာင်းမှာ ဘုရားသခင်မပါဘဲထာဝရကာလသို့သွားခြင်းပင်
ဖြစ်သည်။အသေဆိုးဖြင့်သေဆုံရခြင်းသည်ကြေကွဲဝမ်းနည်းခြင်း၏လက္ခဏာတစ်ခုမဟုတ်ဘဲ၊အသေကောင်း
ဖြင့်သေရသော်လည်းမိမိဝိညာဉ်ရေးရာဘက်တွင်ပြင်ဆင်မှုမရှိခြင်းကကြေကွဲပူဆွေဝမ်းနည်းခြင်း၏
အထွဋ်အထိပ်ဖြစ်ပါသည်။
၅။သေခြင်းကိုအောင်ပွဲခံနိုင်ပါသည်(Death can be triumphant)
“ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်မြင်အခွင့်ကိုပေးတော်မူသော၊ဘုရားသခင်၏ကျေးဇူးတော်
သည်ကြီးလှစွာတကား”(၁ကော၊၁၅း၅၇)။ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအလင်းရောင်အလုံးစုံသည်
ကျွန်ုပ်တို့အတွက်ဖြစ်ပေပြီ။သူသည်သေခြင်းကိုအောင်မြင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့သည်လည်းသေခြင်းကို
အောင်ပွဲခံနိုင်ခွင့်ရရှိပါပြီ။နေထွက်လာခါစပုံစံနှင့်နေ၀င်သွားခါစပုံစံတို့ကိုခွဲခြားရန်အလွန်ခက်ခဲမည်ဖြစ်သည်။
မယုံကြည်သူများအတွက်သေခြင်းသည်နေ၀င်ခြင်းဖြစ်ပြီး၊ယုံကြည်သူအတွက်မှာမူနေထွက်ခြင်းဖြစ်ပါသည်။
နိဂုံး။
သေခြင်းအပေါ်ကျွန်ုပ်တို့၏အောင်မြင်ခြင်းသည်ကြောက်လန့်ဖွယ်ရာများ၊စိုးရိမ်ကြောင့်ကြဖွယ်ရာများနှင့်
စိတ်ကြေကွဲဖွယ်ရာများရှိမည်ဖြစ်သော်လည်း၊ထိုအရာအားလုံးသည်ယေရှုခရစ်တော်အထဲ၌သာဖြစ်ပါသည်။
RevDrအော်နယ်ညို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment