" #ငါဟာဘယ်သူလဲ"
+++???????????+++
နုတ်ကပတ်တော်က ( သိုး ) လို့ ပြောရင်...
သခင့်အသံနားစွန့် ပြီး၊ နောက်လိုက်ကြရအောင်။
နုတ်ကပတ်တော်က ( သား ) လို့ ပြောရင်...
ဖခင်ရဲ့ စကားနားထောင်ပြီး၊ အမွေခံကြရအောင်။
နုတ်ကပတ်တော်က ( ယဇ်ပုရောဟိတ် ) လို့ ပြောရင်..
ဘုရားသခင်နှင့် လူတွေကြား ယဇ်ပူဇော်ကြရအောင်။
နုတ်ကပတ်တော်က ( ရှင်ဘုရင် ) လို့ ပြောရင်..
တာဝန်ခံလိုစိတ်၊ တာဝန်ယူလိုစိတ် ရှိကြရအောင်။
နုတ်ကပတ်တော်က ( ကျွန် ) လို့ ပြောရင်...
ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောဘဲ နာခံရအောင်။
နုတ်ကပတ်တော်က ( သတိုးသမီး ) လို့ ပြောရင်..
သတိုးသားကို ကျေနပ်စေဘို့ ပြင်ဆင်ကြရအောင်။
နုတ်ကပတ်တော်က ( သံတမန် ) လို့ ပြောရင်..
ကောင်းကင်နှင့် မြေကြီးကြား အမှုဆောင်ကြရအောင်။
နုတ်ကပတ်တော်က ( စစ်သူရဲ ) လို့ ပြောရင်..
နှလုံးရည်၊ လက်ရုံးရည်နှင့် ပြည့်စုံကြရအောင်။
နုတ်ကပတ်တော်က ( စပျစ်ပင် ) လို့ ပြောရင်..
အနွယ်ဆက်ပြီး၊ အသီး သီးကြရအောင်။
နုတ်ကပတ်တော်က ( ဧည့်သည် ) လို့ ပြောရင်..
ကိုယ်ဟာ အိမ်ရှင်မဟုတ်ဘူးဆိုတာ သိကြရအောင်။
နုတ်ကပတ်တော်က ( မျိုးစေ့ ) လို့ ပြောရင်....
အမြစ်တွယ်၊ အပင်ပေါက်၊ အသီးသီးပြီး မျိုးဆက်ကြရအောင်။
နုတ်ကပတ်တော်က ( တံငါသည် ) လို့ ပြောရင်...
လူ့ ပင်လယ်ထဲဆင်းပြီး၊ ငါးကြီး၊ ငါးငယ် ဖမ်းကြရအောင်။
Ptr. Peter Ling
No comments:
Post a Comment